ပျောက်ဆုံးနေသူတွေ ရှာဖွေကယ်ဆယ်တဲ့လုပ်ငန်းတွေကို အစွမ်းကုန်လုပ်ဆောင်ဖို့ ဂျပန်ဝန်ကြီးချုပ် ပြောကြား

တိုကျိုအနီးက မြို့တစ်မြို့မှာ လူတွေ သေဆုံးခဲ့ရတဲ့ မြေပြိုမှု ဖြစ်ပွားပြီးနောက်မှာ လူတွေရဲ့အသက်ကို ကာကွယ်ရေး၊ ပျောက်ဆုံးနေသူတွေ ရှာဖွေရေးနဲ့ ဘေးသင့်သူတွေ ထောက်ပံ့ရေးမှာ အစွမ်းကုန် လုပ်ဆောင်ကြဖို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို ဂျပန်ဝန်ကြီးချုပ် Suga Yoshihide က မှာကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့မနက်ပိုင်းက မစ္စတာ Suga နဲ့ ဝန်ကြီးအများအပြား ဝန်ကြီးချုပ်ရုံးမှာ တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီ မြေပြိုမှုဟာ ရှီဇုအိုက ခရိုင် Atami မြို့မှာ စနေနေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
လူ ၂ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရကြောင်း အတည်ပြုထားပြီး လူအများအပြား ပျောက်ဆုံးနေကြောင်း မစ္စတာ Suga က ပြောပါတယ်။
ဒီ ဘေးအန္တရာယ်ကြောင့် အသက်ဆုံးရှုံးခဲ့သူတွေအတွက် ဝမ်းနည်းကြောင်း ဘေးသင့်ခဲ့သူတွေအတွက် အထူးစိတ်မကောင်းဖြစ်ရကြောင်း ဝန်ကြီးချုပ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
လူ့အသက်ကို ကာကွယ်စောင့်ရှောက်ရေးအပေါ် အဓိက ဦးစားပေးဖို့နဲ့ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ အနီးကပ်ညှိနှိုင်းလုပ်ဆောင်ကြဖို့ မစ္စတာ Suga က ဝန်ကြီးတွေကို ညွှန်ကြားခဲ့ပါတယ်။