ဇွန်လ အတွက် အမေရိကန် Major League ဘေ့စ်ဘော အကောင်းဆုံး ကစားသမား အဖြစ် Ohtani က ဆွတ်ခူးရရှိ

အမေရိကန်နိုင်ငံ Los Angeles မြို့ Angels အသင်းမှာ ကစားနေတဲ့ ဘောလုံးအပစ်ရော ဘောလုံးအရိုက်ပါ နှစ်မျိုးထူးချွန်တဲ့ ဂျပန်လူမျိုး ကြေးစား ဘေ့စ်ဘော ကစားသမား Ohtani Shohei ဟာ ဇွန်လ အတွက် Major League အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

Major League ဘေ့စ်ဘော အဖွဲ့ချုပ် MLB က အမေရိကန်နိုင်ငံ ကလပ်အသင်းတွေအတွက် အကောင်းဆုံး ကစားသမားကို သောကြာနေ့က ကြေညာခဲ့တာဖြစ်ပါတယ်။
မစ္စတာ Ohtani ဟာ သူ့ရဲ့ အမေရိကန်ရောက် ဘေ့စ်ဘော ကစားသမား သက်တမ်း ၄ နှစ်တာအတွင်း ပထမဦးဆုံးအကြိမ် အဖြစ် လအလိုက် ဂုဏ်ပြုချီးမြှင့်တဲ့ဆုကို လက်ခံ ရရှိခဲ့တာ ဖြစ်ပါတယ်။
ဇွန်လ က ကစားပွဲ ၂၅ ခုမှာ မစ္စတာ Ohtani ဟာ ၃၀.၉ ရာခိုင်နှုန်း ရိုက်နိုင်ခဲ့ပြီး Major League မှာ အများဆုံးအဖြစ် Home runs ၁၃ ကြိမ် ရခဲ့ပါတယ်။
သူဟာ ပြိုင်ပွဲတွေမှာ ၂၃ ကြိမ် RBI ရအောင် ရိုက်နိုင်ခဲ့ပြီး ၄ နေရာ အရယူ ကစားနိုင်ခဲ့တာလည်း ရှိပါတယ်။
မစ္စတာ Ohtani ဟာ Position ကစားသမား အဖြစ်နဲ့ အကောင်းဆုံး ကစားသမား MVP ဆုကို ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဇွန်လ မှာ ဘေ့စ်ဘောဘောလုံးပစ် ကစားသမား အဖြစ်နဲ့လည်း ကစားခဲ့ပြီး၊ ပျမ်းမျှပြေးနှုန်း ၄.၉၄ မှတ်နဲ့ ၃၃ ကြိမ် ထိအောင် ရိုက်နိုင်ခဲ့ပြီး ၂ ပွဲနိုင် ရှုံးပွဲမရှိ နဲ့ စံချိန်တင် အနိုင်ရခဲ့ပါတယ်။
MLB ရဲ့ လအလိုက် အကောင်းဆုံးကစားသမားဆုကို ရခဲ့တဲ့ ဂျပန်လူမျိုး ကစားသမား ဒါမဟုတ် ဘေ့စ်ဘောဘောလုံးပစ် ကစားသမားတွေထဲမှာ မစ္စတာ Ohtani ဟာ ၇ ယောက် မြောက်ဖြစ်ပြီး၊ Position ကစားသမားအနေနဲ့ ပြောရရင် ၃ ယောက် မြောက်ဖြစ်ပါတယ်။