တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၇၁၆ ဦး ရှိ

တိုကျိုမှာ စနေနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် ၇၁၆ ဦး ရှိတယ်လို့ အတည်ပြုထားကြောင်း တိုကျိုမြို့အုပ်ချုပ်ရေးအဖွဲ့က ပြောလိုက်ပါတယ်။

ဒီကိန်းဂဏန်းဟာ ပြီးခဲ့တဲ့ သီတင်းပတ် တစ်ပတ်ကျော်ကထက် ၁၈၂ ယောက် ပိုများလာတာဖြစ်ပြီး သီတင်းပတ်အလိုက် နှိုင်းယှဉ်ရာမှာ ကူးစက်မှု တိုးလာနေတာ ၁၄ ရက် ဆက်တိုက်ဖြစ်ပါတယ်။
ရောဂါပြင်းထန်တဲ့ လူနာအရေအတွက် ၅၀ ဦး ရှိပြီး ဒါဟာ သောကြာနေ့ကထက် ၄ ဦး လျော့နည်းလာတာ ဖြစ်တယ်လို့ တိုကျိုအာဏာပိုင်တွေက ပြောပါတယ်။