ခါနာ့ဂါ့ဝ နဲ့ ရှီဇူအိုက ခရိုင်တွေမှာ စံချိန်တင် မိုးသည်းထန်စွာ ရွာသွန်း

ဂျပန်နိုင်ငံမှာ ရာသီအလိုက်ဖြစ်ပေါ်တဲ့ မိုးရွာသွန်းမှု လေဖိအားရပ်ဝန်းကြောင့် ခါနာ့ဂါ့ဝ နဲ့ ရှီဇူအိုက ခရိုင်တွေရဲ့ ဒေသအချို့မှာ စံချိန်တင် မိုးရွာသွန်းမှုတွေ ဖြစ်ပွားနေပါတယ်။

စနေနေ့ မွန်းတည့် မတိုင်ခင်အထိ ၄၈ နာရီအတွင်း ရွာသွန်းတဲ့ မိုးရေချိန်ဟာ ခါနာ့ဂါ့ဝ ခရိုင် Hakone မြို့မှာ ၆၈၁.၅ မီလီမီတာ နဲ့ ရှီဇူအိုက ခရိုင် Gotemba မြို့မှာ ၄၉၄.၅ မီလီမီတာ ရှိခဲ့ပါတယ်။ ခရိုင် ၂ ခု လုံးမှာ ဇူလိုင် တစ်လလုံး ရွာသွန်းလေ့ရှိတဲ့ ပျှမ်းမျှမိုးရေချိန်ကို ကျော်လွန်နေပြီ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့မနက်အထိ ၂၄ နာရီအတွင်း မိုးရေချိန်ဟာ Tokai ဒေသမှာ ၁၅၀ မီလီမီတာ နဲ့ ခါနာ့ဂါ့ဝ၊ ချိဘ နဲ့ တိုကျို ပါဝင်တဲ့ Kanto-Koshin ဒေသမှာ ၁၂၀ မီလီမီတာ အထိ ရွာသွန်း နိုင်ပါတယ်။
မြေပြိုမှု၊ ရေကြီးမှု နဲ့ မြစ်တွေရေလျှံမှု တို့အပြင် မိုးကြိုးပစ်တာနဲ့ လေပြင်းတွေရဲ့ အန္တရာယ်ကို သတိထားကြဖို့ ဂျပန့်မိုးလေဝသ အေဂျင်စီ အရာရှိတွေက သတိပေးနေပါတယ်။