Suntory အဖျော်ယမကာ ကုမ္ပဏီက ကာဗွန်ထုတ်လွှတ်မှု လျှော့ချရန် စီစဉ်

ဂျပန်ရှိ အဖျော်ယမကာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Suntory ကုမ္ပဏီဟာ သူ့ရဲ့လုပ်ငန်းကို သဘာဝပတ်ဝန်းကျင်နဲ့ ပိုပြီးသဟဇာတဖြစ်အောင် တိုးမြှင့်လုပ်ဆောင်ဖို့ စီစဉ်ထား ပါတယ်။

Suntory Holdings ကုမ္ပဏီဟာ ကာဗွန်ထုတ်လွှတ်မှုကို ဖြတ်တောက်လျှော့ချဖို့ ၂၀၃၀ ခုနှစ်မတိုင်မီမှာ ဒေါ်လာ သန်း ၉၀၀ လောက် ရင်းနှီးမြှုပ်နှံမှာဖြစ်ပါတယ်။
Suntory က လုပ်ဆောင်မယ့်အထဲမှာ ဆိုလာပြားတွေတပ်ဆင်တာ၊ ဝီစကီချက်လုပ်မှုမှာ ရေနွေးငွေ့မီးအိုးတွေအတွက် အပင်ကနေထုတ်တဲ့လောင်စာကို အပြည့်အဝသုံးစွဲတာမျိုးတွေ ပါဝင်မှာဖြစ်ပါတယ်။
Suntory ဟာ ဂျပန် နဲ့ အမေရိကတိုက်တွေ၊ ဥရောပတွေမှာရှိတဲ့ သူ့ရဲ့စက်ရုံ ၆၀ လောက်ကို လာမယ့်နှစ်မကုန်မီမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို သုံးစွဲလိုတယ်လို့ သိရပါတယ်။ အဲဒါဟာ အခုလက်ရှိ ၃၀ ရာခိုင်နှုန်း လောက်ရှိရာကနေ အကြီးအကျယ်မြှင့်တင်လိုက်တာဖြစ်ပါတယ်။
အဲဒါအပြင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၂၀၃၀ မှာ ကာဗွန်ထုတ်လုပ်မှု ပမာဏကို ၂၀၁၉ ခုနှစ် ထုတ်လုပ်မှုရဲ့ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချဖို့ ကြိုးပမ်းနေပြီး ၂၀၅၀ မတိုင်မီမှာ ကာဗွန်ထုတ်လွှတ်မှုကို လက်တွေ့အားဖြင့် သုည အထိရောက်အောင် ရည်ရွယ်ထားပါတယ်။