မြန်မာဘောလုံးသမား အထူးနေထိုင်ခွင့် ရရှိ

ဂျပန်နိုင်ငံမှာ ခိုလှုံခွင့်တောင်းခံခဲ့တဲ့ မြန်မာဘောလုံးသမား ပြည့်လျှံအောင်ကို အထူးနေထိုင်ခွင့်နဲ့ နေဖို့ လက်ခံလိုက်ပြီး လောလောဆယ် ဂျပန်မှာ အလုပ်လုပ်ဖို့ပါ ခွင့်ပြုလိုက်ပါတယ်။

ပြည့်လျှံအောင်ဟာ ကမ္ဘာ့ဖလား ဘောလုံးခြေစစ်ပွဲမှာ ကစားဖို့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းရဲ့ အဖွဲ့ဝင်အဖြစ်နဲ့ မေလက ဂျပန်ကို လာခဲ့တာ ဖြစ်ပါတယ်။
အဲဒီဘောလုံးအသင်း ဇွန်လမှာ နိုင်ငံကို ပြန်သွားပေမယ့် ပြည့်လျှံအောင်က နေခဲ့တာဖြစ်ပြီး ဂျပန်နိုင်ငံ အနောက်ပိုင်း အိုစာကာ လူဝင်မှုကြီးကြပ်ရေးဗျူရိုမှာ ဒုက္ခသည် အဖြစ်နေထိုင်ဖို့ လျှောက်ထားခဲ့ပါတယ်။
ပြည့်လျှံအောင်ဟာ သောကြာနေ့က သူ့ကို ထောက်ခံသူတွေနဲ့အတူ အဲဒီဗျူရိုကို သွားခဲ့ပြီး ဂျပန်နိုင်ငံမှာ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် ၆ လ ခွင့်ပြုချက် ရခဲ့တယ်လို့ ရှေ့နေက ပြောပါတယ်။
ဒီအထူးဆောင်ရွက်ချက်ကို မြန်မာနိုင်ငံမှာ မတည်မငြိမ်တွေ ဖြစ်နေတာကြောင့် ဂျပန်နိုင်ငံမှာ ဆက်နေခွင့်ရဖို့ လိုလားနေတဲ့ မြန်မာနိုင်ငံသားတွေအတွက် မေလအနှောင်းပိုင်းမှာ စတင်ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။