Uniqlo နဲ့ တခြားဖက်ရှင်ကုမ္ပဏီ ၃ ခုကို ပြင်သစ် စုံစမ်းစစ်ဆေးမည်

တရုတ်နိုင်ငံမှာ အဓမ္မလုပ်အားခိုင်းစေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး Uniqlo နဲ့ တခြားနိုင်ငံပေါင်းစုံမှာ အခြေစိုက်တဲ့ ဖက်ရှင်ကုမ္ပဏီကြီး ၃ ခုကို ပြင်သစ် တရားရေးအာဏာပိုင် တွေက စုံစမ်းစစ်ဆေးမှုတွေ စတင်လိုက်ပြီ ဖြစ်ပါတယ်။

အဲဒီကုမ္ပဏီတွေဟာ ရှင်ကျန်းဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ လူမဆန်တဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ထားတယ်လို့ သံသယရှိခံထားရပါတယ်။
NGOs အဖွဲ့အစည်း ၂ ခုက တိုင်ကြားခဲ့တဲ့အတွက် အဲဒီစုံစမ်းစစ်ဆေးမှုတွေကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီတွေဟာ ရှင်ကျန်းဒေသမှာ အလုပ်သမားတွေကို အဓမ္မစေခိုင်းပြီး လုပ်ထားတဲ့ ကုန်ပစ္စည်းတွေကို အသုံးပြုနေတယ်လို့ သံသယရှိကြောင်း အဲဒီအဖွဲ့တွေက ဧပြီလတုန်းက ပြောဆိုခဲ့ပါတယ်။
စုံစမ်းစစ်ဆေးခံရမယ့်ကုမ္ပဏီတွေက ဂျပန်က Fast Retailing ကုမ္ပဏီခွဲ Uniqlo France ၊ Zara ရဲ့ ပိုင်ရှင်ဖြစ်တဲ့ စပိန်က Inditex ၊ ပြင်သစ်က SMCP နဲ့ အမေရိကန်က Skechers တို့ ဖြစ်ပါတယ်။
Fast Retailing ကုမ္ပဏီက စစ်ဆေးမှုအသေးစိတ်ကို အတည်ပြုဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
ကုမ္ပဏီအနေနဲ့ အဓမ္မ လုပ်အားစေခိုင်းတာကို လက်သင့်မခံကြောင်းနဲ့ အခုအခါမှာ ကုန်ပစ္စည်းဖြန့်ချိရေး လမ်းကြောင်းတစ်လျှောက် အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကာကွယ်တားဆီးဖို့ လုပ်ဆောင်နေတယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။