တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၆၆၀ ရှိ

တိုကျိုမှာ သောကြာနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် ၆၆၀ ရှိတယ်လို့ အတည်ပြုထားကြောင်း တိုကျိုမြို့အုပ်ချုပ်ရေးအဖွဲ့က ပြောလိုက်ပါတယ်။

အရင်သီတင်းပတ် သောကြာနေ့ကထက် ၉၈ ဦး တိုးလာခဲ့တာ ဖြစ်ပြီး သီတင်းပတ်အလိုက်ကြည့်ရင် ၁၃ ရက်ဆက်တိုက် တိုးလာနေတာ ဖြစ်ပါတယ်။
တိုကျိုမှာ သောကြာနေ့က ရောဂါပြင်းထန်တဲ့ လူနာ ၅၄ ဦးရှိခဲ့ပြီး ကြာသပတေးနေ့ကထက် ၃ ဦးတိုးလာခဲ့တယ်လို့ တိုကျိုက အရာရှိတွေက ပြောပါတယ်။