တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၆၇၃ ဦး အတည်ပြု

ကြာသပတေးနေ့က တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၆၇၃ ဦး ရှိတယ်လို့ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုခဲ့ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ သီတင်းပတ် ကြာသပတေးနေ့ကထက် ၁၀၃ ဦး ပိုများနေတာဖြစ်ပြီး သီတင်းပတ်အလိုက်နှိုင်းယှဉ်ရာမှာ တိုးလာနေတာ ၁၂ ရက် ဆက်တိုက်ဖြစ်ပါတယ်။
ကြာသပတေးနေ့မှာ ရောဂါပြင်းထန်သူ ၅၁ ဦး ရှိပြီး အရင်နေ့ကထက် ၄ ဦး တိုးလာပါတယ်။
ရောဂါပြင်းထန်သူ ၅၀ ကျော်တာဟာ ဇွန်လ ၁၁ ရက်နေ့နောက်ပိုင်း ပထမဦးဆုံးဖြစ်ပါတယ်။
ဒီဗိုင်းရပ်စ်ကြောင့် သေဆုံးသူ နောက်ထပ် ၂ ဦး ရှိကြောင်း အရာရှိတွေက အတည်ပြုခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၂,၂၃၆ ဦး ရှိပြီ ဖြစ်ပါတယ်။