ဟောင်ကောင်အပေါ် နိုင်ငံ့လုံခြုံရေးဥပဒေနဲ့ တရုတ် တင်းကျပ်

လွန်ခဲ့တဲ့တစ်နှစ်က ဟောင်ကောင်မှာ နိုင်ငံ့လုံခြုံရေးဥပဒေ ပြဋ္ဌာန်းခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးသမားနဲ့ မီဒီယာသမားတွေရဲ့ လှုပ်ရှားမှုတွေအပေါ် ဟောင်ကောင်လုံခြုံရေးအာဏာပိုင်တွေရဲ့ ဖိနှိပ်မှုတွေဟာ ပြင်းထန်လာနေပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လ ၃၀ ရက်မှာ အသက်ဝင်ခဲ့တဲ့ အဲဒီ ဥပဒေဟာ နိုင်ငံ့လုံခြုံရေးကို အန္တရာယ်ပြုမယ့် ပုန်ကန်မှု၊ ခွဲထွက်မှု၊ နိုင်ငံခြား ဒါမှမဟုတ် ပြင်ပအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းမှု စတာတွေကို ပစ်မှတ်ထားပါတယ်။
အဲဒီဥပဒေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ သံသယနဲ့ အင်္ဂါနေ့အထိ လူ ၁၁၇ ဦး ကို ဖမ်းဆီးခဲ့ပြီးပြီလို့ ရဲအရာရှိတွေက ပြောပါတယ်။
အဲဒီအထဲက ၆၄ ဦးဟာ တရားရင်ဆိုင်နေရပါတယ်။
သူတို့အထဲမှာ ရက်ရွှေ့ဆိုင်းခဲ့တဲ့ ဥပဒပြုကောင်စီရွေးကောက်ပွဲတစ်ခုအတွက် တရားမဝင် ကြိုတင်မဲပေးမှုတွေမှာ ပါဝင်ပတ်သက်ခဲ့သူတွေ ပါဝင်ပါတယ်။
ဟောင်ကောင်ကို ဗြိတိန်ရဲ့ အုပ်ချုပ်မှုကနေ တရုတ်ဆီ လွှဲပြောင်းပေးခဲ့တဲ့အထိမ်းအမှတ်နဲ့ နှစ်စဉ် ဇူလိုင်လ ၁ ရက်နေ့မှာ ကြီးမားတဲ့ ဒီမိုကရေစီထောက်ခံရေး ကြီးကြီးကျယ်ကျယ် ကျင်းပလာခဲ့ပါတယ်။
ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်တွေရှိတာကြောင့်လို့ ဆိုပြီး အာဏာပိုင်တွေဟာ အဲဒီပွဲကို တားမြစ်ခဲ့ပါတယ်။