တိုကျိုမြို့ အုပ်ချုပ်ရေးမှူး ဆေးရုံကနေ ဆင်း

တိုကျိုမြို့အုပ်ချုပ်ရေးမှူး Koike Yuriko ဟာ အလွန်အမင်း ပင်ပန်းနွမ်းနယ်မှုကြောင့် သီတင်းတစ်ပတ်ကျော် ဆေးရုံမှာ ကုသမှုခံယူခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့မနက်က ဆေးရုံကနေ ဆင်းခဲ့ပါတယ်။

ဆရာဝန်ရဲ့ အကြံပြုချက်နဲ့ မီးစ် Koike ဟာ ကြာသပတေးနေ့ကစပြီး လောလောဆယ် အိမ်ကနေပဲ အလုပ်လုပ်မှာဖြစ်တယ်လို့ တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။
ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တစ်စောင်မှာ တိုကျိုအိုလံပစ်နဲ့ ပါရာလင်းပစ်ပြိုင်ပွဲတွေမတိုင်ခင်နဲ့ အရာရှိတွေက ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ဆောင်နေတဲ့ အခုလို အရေးကြီးတဲ့အချိန်ကာလမှာ အလုပ်ကနေ အနားယူခဲ့ရတဲ့အတွက် မီးစ် Koike က တောင်းပန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့မှာ ဆေးရုံတက်ခဲ့ပြီးနောက်ပိုင်း ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာခဲ့တယ်လို့ မီးစ် Koike က ဆိုပါတယ်။
မီးစ် Koike က ဆက်လက် အနားယူဖို့ရှိတယ်ဆိုတာနဲ့ မကြာမီ ကျန်းမာရေး ကောင်းမွန်လာပြီး တာဝန်တွေကို အပြည့်အဝ ပြန်လည်ထမ်းဆောင်နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။