တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် ၇၁၄ ဦး အတည်ပြု

တိုကျိုမှာ ဗုဒ္ဓဟူးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် ၇၁၄ ဦး အတည်ပြုခဲ့တယ်လို့ တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

တစ်နေ့တာ ကူးစက်ခံရသူအရေအတွက် ၇၀၀ ကျော်တာ မေလ ၂၆ ရက်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့အပတ် ဗုဒ္ဓဟူးနေ့ကထက် ၉၅ ဦး တိုးလာခဲ့တာဖြစ်ပါတယ်။
တစ်ပတ်တာ ပျမ်းမျှအရေအတွက်ဟာ ဇွန်လ ၂၀ ရက်နောက်ပိုင်း မြင့်တက်လာခဲ့ပြီး အရေအတွက်အားဖြင့် ၁၂၀ ကျော် တိုးလာခဲ့ပါတယ်။
လတ်တလော ဗိုင်းရပ်စ်ကူးစက်မှု တိုးလာနေတဲ့အနေအထားဟာ အချိန်တိုအတွင်း ရပ်တန့်သွားနိုင်ဖွယ်မရှိကြောင်း ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။