ဘေ့စ်ဘောကစားသမား Ohtani ဒီရာသီအတွင်း home run ၂၆ကြိမ်ရိုက်နိုင်ခဲ့

Los Angeles Angels ဘေ့စ်ဘောအသင်းရဲ့ Major League ဘေ့စ်ဘော ကစားသမား Ohtani Shohei ဟာ ဒီရာသီအတွင်း home run ၂၆ကြိမ်ရိုက်နိုင်ခဲ့ပြီး အနိုင်ရခဲ့ပါတယ်။

သူဟာ လက်ရှိမှာ Major League အသင်းခေါင်းဆောင်အနေနဲ့ Toronto Blue Jays' Vladimir Guerrero Jr. အသင်းနဲ့လည်း တွဲကစားနေပါတယ်။
Ohtani ဟာ တနင်္လာနေ့က New York မှာကျင်းပခဲ့တဲ့ the New York Yankees အသင်းနဲ့ ကစားပွဲမှာ ဘေ့စ်ဘောပစ်သူအဖြစ်ပထမပွဲမှာ ကစားခဲ့ပြီး ဒုတိယပွဲမှာ ဘေ့စ်ဘောရိုက်သူအဖြစ်ကစားခဲ့ပါတယ်။
ပထမပွဲမှာ သူဟာ ဘေ့စ်ဘောကို ညာလယ်မှာရှိတဲ့ ကွင်းလယ် ကစားသမားဆီ ရောက်အောင်ဝိုက်ပြီးပစ်ပေးနိုင်ခဲ့တာကြောင့် ၂ကြိမ် ဆက်တိုက် home run ရအောင် ကစားနိုင်ခဲ့ပါတယ်။ သူ့အသင်းကို ထိပ်တန်းကစားသမားတွေနဲ့ ရင်ဘောင်တန်းနိုင်အောင် ဒီ home run က လုပ်ပေးနိုင်ခဲ့ပါတယ်။
Ohtani ဟာ ၅ကြိမ်မှာ တစ်ကြိမ်ဝင်အောင်ရိုက်နိုင်ခဲ့ပြီး သူ့ရဲ့ ပျမ်းမျှရိုက်ချက် ၂၇၆ ချက်ရှိပါတယ်။
The Angels အသင်းဟာ Yankees အသင်းကို ၅မှတ်-၃မှတ်နဲ့ ၂ကြိမ်ဆက်တိုက် အနိုင်ရရှိခဲ့ပါတယ်။