Finland က ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူတွေဟာ UEFA Euro 2020 နဲ့ ဆက်စပ်နေ

Finland ကျန်းမာရေးအာဏာပိုင်တွေက လူ ၃၀၀ လောက်ဟာ UEFA European Football Championship ပွဲစဉ်တွေ ကျင်းပနေတဲ့ ရုရှားကနေ ပြန်လာပြီးနောက် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိ ခဲ့တယ်လို့ ဆိုပါတယ်။

Finland အသင်းဟာ ဒီလအတွင်း Saint Petersburg မြို့မှာ အုပ်စု ၂ အဆင့်အတွက် ယှဉ်ပြိုင် ကစားခဲ့ပါတယ်။
ဇွန်လ ၂၁ ရက်နေ့က ဒုတိယပွဲစဉ်ပြီးတဲ့နောက် Finland အသင်း အားပေးသူ ၃၀၀၀ လောက်ဟာ ဘတ်စ်ကားနဲ့ ပြန်လာခဲ့ကြ တယ်လို့ မီဒီယာသတင်းတွေမှာ ဆိုထားပါတယ်။ အဲဒီထဲက လူ ၈၀၀ လောက်ဟာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှု မပြုလုပ်တာ ဒါမှမဟုတ် သီးခြားခွဲနေထိုင်မှု မလုပ်တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
Saint Petersburg မြို့ကနေ ပြန်လာတဲ့ ဘောလုံးပွဲပရိသတ် အားလုံးကို ဗိုင်းရပ်စ် စစ်ဆေးမှု ပြုလုပ်ဖို့နဲ့ ရောဂါပေျာက်ကင်းတဲ့အထိ သီးခြားခွဲနေထိုင်ဖို့ အာဏာပိုင်တွေက တောင်းဆိုခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ ပထမဆုံးစစ်ဆေးတွေ့ရှိတဲ့ Delta အမျိုးအစား ကိုရိုနာဗိုင်းရပ်စ် ရုရှားမှာ ကူးစက်ပြန့်ပွားမှုတွေ မြင့်မားနေပါတယ်။
ဘောလုံးသမားတွေနဲ့ ဝန်ထမ်းတွေဟာလည်း ဘရာဇီးမှာ လက်ခံကျင်းပတဲ့ Copa America လို့လူသိများတဲ့ တောင်အမေရိက ဘောလုံးချန်ပီယံဖလားပွဲမှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိခဲ့ပါတယ်။