ပြန်လည်ပြုပြင်ထားတဲ့ Kumamoto ရဲတိုက်ကို အများပြည်သူအတွက် ဖွင့်လှစ်

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ခူမာမိုတိုမြို့မှာ ရာစုနှစ်များစွာကတည်းကရှိခဲ့တဲ့ ရဲတိုက်ကို ၂၀၁၆ ခုနှစ် ငလျင်လှုပ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အဓိက အဆောက်အအုံထဲ လာရောက်ကြည်ရှုတဲ့ဧည့်သည်တွေကို ဝင်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

၅ နှစ်ကြာ ပြန်လည်ပြုပြင်မွမ်းမံမှုတွေလုပ်ပြီးနောက် တနင်္လာနေ့မှာ ခူမာမိုတိုရဲတိုက်ရဲ့ အဓိကမျှော်စင်အတွင်းပိုင်း ကို အများပြည်သူအတွက် ဖွင့်လှစ်လိုက်ပါပြီ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ ကျော်က ဒီရဲတိုက်ကို တည်ဆောက်ခဲ့တဲ့ စစ်သူကြီး Kato Kiyomasa လိုမျိုး အခမ်းအနားဝတ်စုံဝတ်ထားသူတစ်ဦးအပါအဝင် ဆာမူရိုင်းစစ်သည်ဝတ်စုံတွေဝတ်ထားတဲ့ အမျိုးသား အဖွဲ့တစ်ဖွဲ့က ဒီမျှော်စင်ကို ဖွင့်လှစ်ကြောင်း မနက် ၉ နာရီမှာ ကြေညာခဲ့ကြပါတယ်။ ဧည့်သည် ၅၀ လောက်ဟာ မျှော်စင်အတွင်းထဲ စတင်လှည့်လည်ကြည့်ရှုခဲ့ကြပါတယ်။
အဓိကမျှော်စင်မှာ မြေအောက်ထပ်တစ်ထပ်နဲ့ မြေပေါ်အထပ် ၆ ထပ် ရှိပါတယ်။
ပြန်လည်ပြုပြင်မွမ်းမံရေးလုပ်ငန်းမှာ အဆောက်အအုံအတွက် ငလျင်ဒဏ်ခံနိုင်တဲ့ ကိရိယာတွေအပြင် ဓာတ်လှေကား ၂ ခု ပါ ထပ်ဖြည့် ထားပါတယ်။
မျှော်စင်အတွင်းပိုင်းမှာ ရဲတိုက်ရဲ့ သမိုင်းကြောင်းကနေစပြီး အခုလက်ရှိ အချိန်အထိ အခြေအနေကို ပြသထားပါတယ်။
မျှော်စင်ရဲ့ ထိပ်ဆုံးထပ် ၆ ထပ်ကနေ တစ်မြို့လုံးရဲ့ ရှုခင်းကို တွေ့မြင်နိုင်ပါတယ်။