တိုကျိုတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၃၁၇ ဦးရှိ

တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့က မြို့တော်အတွင်း တနင်္လာနေ့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၃၁၇ ဦးရှိတယ်ဆိုတာကို အတည်ပြုခဲ့တယ်လို့ ပြောဆိုပါတယ်။

အဲဒီအရေအတွက်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ကထက် ၈၁ ဦး ပိုများပါတယ်။ သီတင်းပတ်အလိုက်ယှဉ်ကြည့်ရင် ၉ ရက် ဆက်တိုက်မြင့်တက်လာခဲ့ပါတယ်။ အခုဆိုရင် တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်း ၁၇၂,၇၄၄ ဦး ရှိလာပါပြီ။ တနင်္လာနေ့မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄ ဦးရှိတယ် လို့ မြို့တော်အရာရှိတွေက ပြောပါတယ်။ ဒါကြောင့် တိုကျိုမှာသေဆုံးသူစုစုပေါင်း ၂၂၂၇ ဦးရှိလာပါပြီ။
တနင်္ဂနွေနေ့အထိ ရရှိထားတဲ့ဒေတာတွေက အခုလအတွင်း ကူးစက်ခံရသူအသစ်ရဲ့ ၄၉.၅ ရာခိုင်နှုန်းဟာ အသက် ၂၀ တန်းနဲ့ ၃၀ တန်း ဖြစ်ကြပြီး အခုနှစ်အတွင်း အများဆုံး အချိုးအစား ဖြစ်ပါတယ်။