ကျောက်ဂွမ်းဆိုင်ရာ ကျန်းမာရေးထိခိုက်မှုတွေအတွက် လျော်ကြေးပေး

ကျောက်ဂွမ်း အမှုန်တွေကို ရှူရှိုက်မိခဲ့တာကြောင့် အဆုတ်ကင်ဆာဖြစ်ပွားမှုပေါင်း ၁,၀၀၀ ကျော်ကို အလုပ်ခွင်ထိခိုက်ဒဏ်ရာရမှုအဖြစ် ပြီးခဲ့တဲ့နှစ်အတွင်း အသိမှတ်ပြုခဲ့ပြီး လျော်ကြေးခံစားခွင့်ပေးခဲ့တယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီဌာနက ပြောကြားလိုက်ပါတယ်။

မတ်လမှာ ကုန်ဆုံးခဲ့တဲ့ ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပြည်သူ ၁၀၅၉ ဦး အတွက် အဲဒီလို အသိမှတ်ပြုခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေနဲ့ စက်ရုံတွေမှာ အလုပ်လုပ်ကိုင်ခဲ့စဉ်က ကျောက်ဂွမ်းအမှုန်တွေကို ရှူရှိုက်မိခဲ့ပြီးတဲ့နောက် အဆုတ်ကင်ဆာရောဂါ ဒါမှမဟုတ် အဆုတ်အမြှေးပါးရောင်ရောဂါ ခံစားခဲ့ရသူတွေဖြစ်ပါတယ်။
လုပ်ငန်းခွင် ထိခိုက်နစ်နာမှုလျော်ကြေးခံစားခွင့် လျှောက်ထားဖို့ အချိန်ကျော်လွန်နေပြီဖြစ်တဲ့ တခြားလူ၂၀ ဦးအတွက်လည်း ကျန်ရစ်သူ မိသားစုဝင်တွေအတွက် ခံစားခွင့်ရှိတဲ့ အထူးထောက်ပံ့မှုတစ်ရပ်ကို ခွင့်ပြုခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီး ဌာနကပြောပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍက အလုပ်သမား ၅၈၉ ဦး အသိမှတ်ပြုခံခဲ့ရပြီး၊ ကုန်ထုတ်လုပ်ငန်း ကဏ္ဍကတော့ ၃၈၄ ဦးရှိခဲ့ပါတယ်။
ကျောက်ဂွမ်းတွေကြောင့်ဖြစ်ရတဲ့ အဆုတ်ကင်ဆာဟာ ရောဂါလက္ခဏာပေါ်တဲ့အထိ ၁၀ နှစ်ကျော်အချိန်ကြာပြီး၊ တချို့ဖြစ်ရပ်တွေမှာ နှစ်ပေါင်း ၅၀ အထိ ကြာမြင့်ပါတယ်။
အနာဂတ်မှာ ကျန်းမာရေးပြဿနာတွေအတွက် လျှောက်ထားသူတွေ ပိုများလာနိုင်တယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။ ကျောက်ဂွမ်းနဲ့ပတ်သက်တဲ့ ကျန်းမာရေးထိခိုက်မှုတွေအပေါ် စိုးရိမ်မကင်းဖြစ်ခဲ့ရင် ဆက်သွယ်ဆွေးနွေးမှုတွေလုပ်ဖို့လည်း သူတို့က တိုက်တွန်းနေပါတယ်။