တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၃၈၆ ဦး အတည်ပြု

တနင်္ဂနွေနေ့က တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၃၈၆ ဦး ရှိကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုခဲ့ပါတယ်။

တစ်နေ့တာ ကူးစက်မှုအရေအတွက်က အရင် သီတင်းပတ်ကထက် ၁၀ ဦး မြင့်တက်လာခဲ့ပြီး သီတင်းပတ်အလိုက် နှိုင်းယှဉ်ရာမှာ မြင့်တက်နေတာ ၈ ရက် ဆက်တိုက် ရှိပြီ ဖြစ်ပါတယ်။