Toshiba အစုရှယ်ယာရှင်တွေက ဘုတ်အဖွဲ့ဝင် ပြန်ခန့်ဖို့ ငြင်းပယ်

ဂျပန်စက်မှုလုပ်ငန်းကော်ပိုရေးရှင်း Toshiba ရဲ့ ရှယ်ယာရှင်တွေဟာ သောကြာနေ့မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ဘုတ်အဖွဲ့ဝင် ၂ ဦးကို ပြန်ခန့်ဖို့နဲ့ ပတ်သက်ပြီး ကန့်ကွက်မဲ ပေးခဲ့ကြပါတယ်။

ဘုတ်အဖွဲ့ ဥက္ကဋ္ဌ Nagayama Osamu ဟာ ဖယ်ရှားခံခဲ့ရပါတယ်။ ဒါဟာ ပုံမှန်မဟုတ်တဲ့ဆောင်ရွက်ပါ။ အမှုဆောင်အဖွဲ့ဝင်တွေ ခန့်အပ်မှုတွေကို ဂျပန်မှာ ရှယ်ယာရှင်အစည်းအဝေးတွေမှာ ပုံမှန်အားဖြင့် လက်ခံလေ့ ရှိပါတယ်။
အဲဒီအစည်းအဝေးမှာ အမှုဆောင်ချုပ် CEO Tsunakawa Satoshi အပါအဝင် တခြား ဘုတ်အဖွဲ့ဝင် ကိုယ်စားလှယ် ၉ ဦးကို အတည်ပြုခဲ့ပါတယ်။
Toshiba ကုမ္ပဏီရဲ့ စီမံခန့်ခွဲတဲ့အဖွဲ့က ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်တွေကို ကန့်ကွက်တဲ့ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ကို ဘယ်လို ကိုင်တွယ်မလဲဆိုတဲ့အပေါ် ဖရိုဖရဲ ဖြစ်နေခဲ့ပါတယ်။ အဲဒီ ရန်ပုံငွေအဖွဲ့ဟာ ကုမ္ပဏီမှာ ရှယ်ယာအများအပြား ပိုင်ဆိုင်ထားပြီး တက်ကြွတဲ့ ရှယ်ယာရှင်တစ်ဦးအဖြစ် ရှုမြင်ရပါတယ်။
ရန်ပုံငွေအဖွဲ့က ရွေးချယ်ထားတဲ့ လွတ်လပ်တဲ့ ရှေ့နေပညာရှင်များအဖွဲ့က အခုလ အစောပိုင်းမှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစီရင်ခံစာထဲမှာ ပြီးခဲ့တဲ့နှစ်က တင်ပြခဲ့တဲ့ ရန်ပုံငွေအဖွဲ့ရဲ့ အဆိုပြုချက်တွေကို ပယ်ချနိုင်အောင် ရှယ်ယာရှင်တွေရဲ့ မဲတွေကို ချုပ်ကိုင်ဖို့အတွက် Toshiba ကုမ္ပဏီဟာ ဂျပန်စက်မှုဝန်ကြီးဌာနနဲ့ ပူးပေါင်းကြံစည်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။