မောရစ်သျှနိုင်ငံ ရေကြောင်း ဘေးကင်းလုံခြုံရေးစနစ်အတွက် ဂျပန် ပံ့ပိုးမယ်

မောရစ်သျှ နိုင်ငံရဲ့ ပင်လယ်ရေကြောင်း ဘေးကင်းလုံခြုံရေးစနစ်တွေ တိုးတက်စေဖို့အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၅.၇ သန်း ပံ့ပိုးပေးဖို့ ဂျပန်အစိုးရက ဆုံးဖြတ်ခဲ့ပါတယ်။

ဇူလိုင်လတုန်းက မောရစ်သျှကမ်းလွန် အိန္ဒိယသမုဒ္ဒရာ ရေပြင်မှာ ဂျပန်ရေကြောင်းကုမ္ပဏီတစ်ခုရဲ့ ရေနံတင်သင်္ဘောကနေ လောင်စာဆီတန်ချိန် ၁၀၀၀ လောက် ယိုဖိတ်မှု ဖြစ်ပွားခဲ့ပြီးနောက် အခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။
အဲဒီ ရန်ပုံငွေရဲ့ တစ်စိတ်တစ်ပိုင်းကို အဓိကကျတဲ့ ကမ္ဘာ့ ပင်လယ် ရေကြောင်းလမ်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ မောရစ်သျှ ပတ်ဝန်းကျင်က ရေပြင်မှာ ဖြတ်သန်းသွားလာနေတဲ့ သင်္ဘောတွေကို စောင့်ကြည့်ရေး ရေဒါစနစ်တပ်ဆင်ဖို့ အသုံးပြုမှာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကြောင့် Mauritius ရဲ့ ခရီးသွားလုပ်ငန်းနဲ့ တခြားစက်မှုလုပ်ငန်းတွေအပေါ် ဂယက်ရိုက်မှုတွေ လျော့ကျအောင် ဂျပန်က အမေရိကန်ဒေါ်လာ သန်း ၂၉၀ လောက်အထိရှိတဲ့ ချေးငွေတွေကို ထုတ်ပေးမှာလည်း ဖြစ်ပါတယ်။