အမေရိကမှာ Covid-19 ကြောင့် သေဆုံးသူ ၅ သိန်းကျော် လာ

အမေရိကန်ပြည်ထောင်စုမှာ Covid-19 ကြောင့် သေဆုံးသူ အရေအတွက် ၅ သိန်းကျော် လာပြီ ဖြစ်ပါတယ်။

Johns Hopkins တက္ကသိုလ်က စာရင်းအရ တနင်္လာနေ့ UTC အချိန် ၂၃ နာရီအထိ အမေရိကမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး သေဆုံးသူ ၅၀၀,၁၅၉ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲဒီစာရင်းထဲက ၁ သိန်းဟာ ဇန်နဝါရီလလယ် နောက်ပိုင်းမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
အခုအချိန်မှာ ကူးစက်ခံရသူအသစ် အရေအတွက် ကျဆင်းလာနေပြီ ဖြစ်ပေမဲ့ သုတေသနအဖွဲ့အစည်းအမျိုးမျိုးရဲ့ ခန့်မှန်းချက်တွေမှာ မတ်လလယ် မတိုင်ခင် လူတွေ သောင်းနဲ့ချီပြီး သေဆုံးနိုင်ခြေရှိတယ်လို့ ဖော်ပြထားကြောင်း ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး စင်တာတွေက ဆိုပါတယ်။
တနင်္လာနေ့အထိ ပြည်သူ ၄၄ သန်းကျော်ဟာ အနည်းဆုံး ကာကွယ်ဆေး တစ်ကြိမ် ထိုးပြီးသား ဖြစ်ပါတယ်။ ၁၉ သန်းကျော် ဒါမှမဟုတ် နိုင်ငံ့လူဦးရေရဲ့ ၆ ရာခိုင်နှုန်းလောက်ကတော့ ကာကွယ်ဆေး ၂ ကြိမ်စလုံး ထိုးပြီးသား ဖြစ်ပါတယ်။
ဒါပေမဲ့ ကာကွယ်ဆေးထိုး အစီအစဉ်ဟာ အနေအထားတွေအပေါ် သိသာတဲ့ အကျိုးသက်ရောက်မှုပေးတဲ့အဆင့် မရောက်သေးဘူးလို့ ကျွမ်းကျင်သူအများစုက ပြောပါတယ်။