ဂျပန် ဧကရာဇ် ဘုရင်ကြီး သက်တော် ၆၁ နှစ် မွေးနေ့ အထိမ်းအမှတ်ပွဲ ကျင်းပ

ဂျပန် ဧကရာဇ် ဘုရင်ကြီး Naruhito ဟာ အင်္ဂါနေ့က နန်းတော်မှာ ကျင်းပခဲ့တဲ့ သူ့ရဲ့ သက်တော် ၆၁ နှစ် မွေးနေ့ အထိမ်းအမှတ် ပွဲတစ်ခုမှာ ဧည့်သည်တွေကို တွေ့ဆုံခဲ့ပါတယ်။

ဧကရာဇ် ဘုရင်ကြီး Naruhito နဲ့ မိဖုရားကြီး Masako တို့ဟာ မနက် ၁၀ နာရီ ထိုးပြီးခါစမှာ နန်းတော်ကို ကားနဲ့ ရောက်လာခဲ့ကြပါတယ်။ ဧကရာဇ် ဘုရင်ကြီးရဲ့ မွေးနေ့ကို ဂုဏ်ပြုဖို့ ရောက်ရှိနေသူတွေကို သူတို့က ဦးညွတ် နှုတ်ဆက်ခဲ့ပါတယ်။
အဲဒီနောက် ဘုရင်ကြီးဟာ နန်းတော်ရဲ့ Matsu-no-Ma ခန်းမဆောင်မှာ ဝန်ကြီးချုပ် Suga Yoshihide နဲ့ နိုင်ငံခြား သံအမတ်တွေရဲ့ ကိုယ်စားလှယ်တစ်ဦး အပါအဝင် ဧည့်သည်တွေဆီက ဂုဏ်ပြုသတင်းစကားတွေကို လက်ခံခဲ့ပါတယ်။
ဧကရာဇ် ဘုရင်ကြီး Naruhito က ဧည့်သည်တွေကို အထူး ကျေးဇူးတင်ကြောင်းနဲ့ ကျန်းမာရေးကို ဂရုစိုက်ပြီး လုပ်ငန်းတာဝန်တွေကို ဆက်လက် ထမ်းဆောင်ကြပါလို့ ပြောကြားခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု တားဆီးရေးအတွက် အခုနှစ်မှာ ဧကရာဇ်ဘုရင်ကြီးအတွက် မွေးနေ့ပွဲ အခမ်းအနားတွေကို ပမာဏလျှော့ချ ကျင်းပခဲ့ပါတယ်။