တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၁၁၀,၀၀၀ ကျော်လာ

တိုကျိုမြို့မှာ အင်္ဂါနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် ၂၇၅ ဦး ရှိကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

အခုအခါ တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စစ်ဆေး အတည်ပြုခံရသူ ၁၁၀,၀၀၀ ကျော်လာပြီး ၁၁၀,၁၈၇ ဦး ရှိသွားပြီဖြစ်ပါတယ်။
ရောဂါပြင်းထန်သူ အရေအတွက်က ၇၇ ဦးရှိတယ်လို့ အရာရှိတွေက ဆိုပါတယ်။