Sendai နဲ့ Ichinoseki အကြား ကျည်ဆန်ရထား ပြန်လည်ပြေးဆွဲ

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ အင်အားကြီးငလျင်တစ်ခု လှုပ်ပြီး သီတင်းတစ်ပတ်ကျော်အကြာ တနင်္လာနေ့က East Japan Railway ကုမ္ပဏီဟာ Sendai နဲ့ Ichinoseki အကြား ပြေးဆွဲတဲ့ Tohoku ကျည်ဆန်ရထားလိုင်းကို ပြန်လည်ပြေးဆွဲခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၃ရက်နေ့က လှုပ်ခဲ့တဲ့ အဲဒီငလျင်ကြောင့် ဖူကုရှီးမား (Fukushima) နဲ့ မီယာဂီ (Miyagi) ခရိုင်မှာ ဓာတ်ကြိုးတွေသွယ်ထားတဲ့ ဓာတ်တိုင်တွေနဲ့ ရထားပြေးလမ်းတံတားရဲ့ထောက်တိုင်တွေ ပျက်စီးခဲ့ရပါတယ်။
အဲဒါကြောင့် JR East ကုမ္ပဏီဟာ Nasushiobara ဘူတာ နဲ့ Ichinoseki ဘူတာအကြားပြေးဆွဲနေတဲ့ ကျည်ဆန်ရထားတွေကို ရပ်ခဲ့ရပါတယ်။
JR East ကုမ္ပဏီဟာ ဗုဒ္ဓဟူးနေ့မှာ Tohoku ကျည်ဆန်ရထားလိုင်းကို အပြည့် ပြန်လည်ပြေးဆွဲဖို့ စီစဉ်ထားပါတယ်။
ဒါပေမဲ့ လတ်တလောမှာတော့ သာမန်ထက် ၈၀ ရာခိုင်နှုန်း နီးပါးလောက်လျှော့ပြီး ပြေးဆွဲနေတယ်လို့ဆိုပါတယ်။
ရထားတွေကို အရှိန်လျှော့ပြီး မောင်းနှင့်သွားမှာဖြစ်တာကြောင့် တိုကျိုကနေ Sendai ဒါမှမဟုတ် Morioka ကိုသွားတဲ့ ခရီးစဉ်တွေဟာလည်း သာမန်ထက် ၁နာရီလောက် ပိုကြာသွားမယ်လို့လည်းအဲဒီကုမ္ပဏီက ဆိုပါတယ်။