တိုကျိုတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၁၇၈ ဦးရှိ

တိုကျိုမြို့အုပ်ချုပ်ရေးအဖွဲ့အရာရှိတွေက တနင်္လာနေ့မှာ မြို့တော်တွင်းကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၁၇၈ ဦး ရှိတယ်လို့ အတည်ပြုပြောဆိုလိုက်ပါတယ်။

တနင်္လာနေ့ မွန်းလွဲ ၃ နာရီအချိန်အထိ ကနဦးရခဲ့တဲ့ ကိန်းဂဏန်းတွေကို တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
တစ်နေ့တာ ကူးစက်ခံရသူ ၂၀၀ အောက်ကို ရောက်လာခဲ့တာ ဟာ နိုဝင်ဘာ ၂၄ ရက်နောက်ပိုင်း ပထမဦးဆုံး ဖြစ်ပါတယ်။ အဲဒီနေ့တုန်းက ကူးစက်ခံရသူ ၁၈၈ ဦး ရှိခဲ့ပါတယ်။ ၅၀၀ အောက်ကို ရောက်တာ ၁၆ ရက် ဆက်တိုက်ဖြစ်ပါတယ်။
အခုဆိုရင် တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ အတည်ပြုခံခဲ့ရသူ ၁၀၉၉၁၂ ဦး ရှိနေပြီဖြစ်ပါတယ်။ စိုးရိမ်ရတဲ့ လူနာဟာ တနင်္လာနေ့မှာ ၇၆ ဦး ရှိပြီး မနေ့ကထက် ၆ ဦး လျော့သွားခဲ့ပါတယ်။