Australian Open ကို အမြဲအမှတ်ရနေမယ်လို့ မီးစ် Osaka ဆို

Australian Open ရဲ့ နောက်ဆုံး ဗိုလ်လုပွဲကို သူ အမြဲ အမှတ်တရရှိနေမှာ ဖြစ်တယ်လို့ တင်းနစ်အားကစားသမား Osaka Naomi က စနေနေ့မှာ ပြောကြားခဲ့ပါတယ်။

မီးစ် Osakaဟာ Australian Open မှာ ဒုတိယအကြိမ်မြောက် အနိုင်ရပြီး နောက်တစ်နေ့ဖြစ်တဲ့ တနင်္ဂနွေနေ့က Melbourne မြို့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစကားပြောခဲ့ပါတယ်။ သူဟာ အမျိုးသမီးတစ်ဦးချင်း နောက်ဆုံးဗိုလ်လုပွဲမှာ အမေရိကန်က အားကစားသမား Jennifer Brady ကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
မီးစ် Osaka က သူဘယ်လိုခံစားခဲ့ရတယ်ဆိုတာ ပြောမပြ တတ်အောင်ပါပဲ လို့ ဆိုပြီး Grand Slam မှာ အနိုင်ရလိုက်တဲ့ ဒီခံစားချက်ဟာ ရက်အတော်ကြာတဲ့အထိ ဆက်ရှိနေဦးမယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
ဂျပန်အားကစား အကျော်အမော် Osaka က ပရိသတ်တွေရှေ့မှာ ပြန် ကစားခွင့်ရတာကို ပျော်ရွှင်မိတယ်လို့ ဆိုပြီး စောင့်ကြည့် အားပေးနေသူ တွေကို အထူးကျေးဇူးတင်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။
သူဟာ မနှစ်ကလည်း ကြည့်ရှုသူပရိသတ်မပါတဲ့ US Open နောက်ဆုံး ဗိုလ်လုပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။
ဒီနှစ် နွေရာသီမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ တိုကျို အိုလံပစ်အားကစား ပြိုင်ပွဲဟာ သူ့အတွက် ကြီးမားတဲ့ အပေးအယူတစ်ခုဖြစ်ပြီး အိပ်မက်တစ်ခု ဖြစ်လိမ့်မယ်လို့ မီးစ် Osakaက ဆိုပါတယ်။
နွေရာသီရောက်ဖို့ အချိန်အနည်းငယ်လိုသေးတာမို့ ဒါနဲ့ပတ်သက်ပြီး ကြိုမတွေးမိအောင် ကြိုးစားနေပေမဲ့လည်း အားကစားသမားတိုင်းကတော့ ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့ မျှော်လင့်နေကြတယ်လို့ သူထင်ကြောင်း ပြောပါတယ်။
မီးစ် Osakaက တံခွန်စိုက်ဆုဖလားကို ကိုင်ထားတဲ့ ဓါတ်ပုံတွေ အင်တာနက်မှာ တင်ခဲ့ပါတယ်။ အနိုင်ရခဲ့ပြီးတဲ့နောက် သူ ပထမဆုံးလုပ်ခဲ့ တာကတော့ ၂ နာရီကြာလောက် ခဏအိပ်လိုက်တာပါပဲလို့ မီးစ် Osaka က ပြောကြားခဲ့ပါတယ်။