ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးလက္ခဏာသံသယရှိသူ တွေ့ရှိ

ကိုဗစ်ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးလက္ခဏာဖြစ်မယ်လို့ ယူဆရတဲ့ သူကို ဂျပန်အလယ်ပိုင်း Toyama ခရိုင်မှာ တွေ့ရှိခဲ့တယ်လို့ သတင်းရရှိ ပါတယ်။ ဒါဟာ ဂျပန်မှာ ပထမဆုံးဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က ဂျပန်မှာ ကိုဗစ်ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေ စတင်ခဲ့ ပါတယ်။ ကနဦး အနေနဲ့ ဆေးဝန်ထမ်း ၄၀၀၀၀ ကို ထိုးပေးဖို့ လျာထား ပါတယ်။
သောကြာနေ့ကစပြီး ကာကွယ်ဆေး စထိုးပေးနေတဲ့ Toyama Rosai ဆေးရုံမှာ ဆေးထိုးခံခဲ့ပြီးသူတစ်ဦးဟာ အဖုအပိမ့်တွေ ထွက်လာခဲ့တယ်လို့ ဂျပန်အစိုးရက စနေနေ့မှာ တွစ်တာ(Twitter) ကတစ်ဆင့် ထုတ်ပြန် ကြေညာခဲ့ပါတယ်။
Kitasato တက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင် ပါမောက္ခဖြစ်တဲ့ Nakayama Tetsuo က အဲဒီလို အဖု အပိမ့်ထွက်တာဟာ ဘေးထွက်ဆိုးကျိုး အပျော့စား ဖြစ်ပြီး၊ တုပ်ကွေးရောဂါနဲ့ အခြား ကူးစက်ရောဂါ ကာကွယ်ဆေးတွေထိုးပြီး တဲ့ အခါတွေမှာလည်း တစ်ခါတရံ ဖြစ်လေ့ရှိတယ်လို့ ‌ပြောပါတယ်။
အဲဒါနဲ့ပတ်သက်ပြီး သိပ်မစိုးရိမ်ဖို့ မလိုဘူးလို့ ပါမောက္ခ Nakayama က ပြောပါတယ်။
လက်ရှိသုံးနေတဲ့ ကိုဗစ် ကာကွယ်ဆေးမှာ ပါတဲ့ polyethylene glycol လို့ခေါ်တဲ့ ဒြပ်တစ်မျိုးက အဲဒီလို ဘေးထွက်ဆိုးကျိုးထွက်ပေါ်စေခဲ့တာ ဖြစ်နိုင်တယ်လို့ သူက ပြောခဲ့ပါတယ်။ အခုဖြစ်ရပ်မှာ ထွေထွေထူးထူး ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ မတွေ့ရဘူး လို့လည်း သူက ပြောကြား သွားပါတယ်။