တိုကျိုမှာကိုဗစ်-၁၉ ကူးစက်ခံရသူအသစ် ၂၇၂ ဦးတွေ့ရှိ

မြို့တော်တိုကျိုမှာ တနင်္ဂနွေနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၂၇၂ ဦး ရှိကြောင်း အတည်ပြုထားတယ်လို့ တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့ က ပြောပါတယ်။

ဒါဟာ တိုကျိုမှာ တစ်နေ့တာ ကူးစက်မှုသစ် အရေအတွက် ၅၀၀အောက်ကို ၁၅ ရက်ဆက်တိုက် ကျဆင်းခဲ့တာဖြစ်ပါတယ်။
အခုဆိုရင် တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ စုစုပေါင်း ၁၀၉၇၃၄ ဦး ရှိပြီဖြစ်ပါတယ်။
တိုကျိုမှာ စိုးရိမ်ရတဲ့အခြေအနေမှာရှိတဲ့ ကိုဗစ်လူနာအရေအတွက်က ၈၂ဦး ရှိပြီး၊ ဒါဟာ စနေနေ့က အရေအတွက်နဲ့ အတူတူဖြစ်တယ်လို့ သက်ဆိုင်ရာ က ပြောပါတယ်။