ပထမဆုံး လူသေဆုံးမှု ဖြစ်ပြီးနောက် မြန်မာနိုင်ငံမှာ ဆန္ဒပြမှုတွေ ဆက်လက်ပြုလုပ်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် ပထမဆုံး အသက်ဆုံးရှုံးခဲ့ရတဲ့ ဆန္ဒပြသူဖြစ်ကြောင်း အတည်ပြုခံရသူရဲ့ မိသားစုက လူတွေကို ဆန္ဒပြပွဲတွေမှာ ပိုမိုပါဝင်ကြဖို့ တောင်းဆိုလိုက်ပါတယ်။

အသက် ၂၀ အရွယ် မမြသွဲ့သွဲ့ခိုင်ဟာ မြို့တော် နေပြည်တော်မှာ ဖေဖော်ဝါရီလ ၉ ရက်က ပစ်ခတ်ခံရမှုကြောင့် ဦးခေါင်းမှာ သေနတ်ဒဏ်ရာ ရရှိခဲ့ပါတယ်။ သူဟာ သောကြာနေ့မှာ သေဆုံးခဲ့ပါတယ်။
သတင်းထောက်တွေကို ပြောဆိုရာမှာ စစ်တပ်ကိုနိုင်တဲ့အထိ ဆန္ဒပြပွဲတွေမှာ ပါဝင်ကြဖို့ လူတွေကို မမြသွဲ့သွဲ့ခိုင်ရဲ့ အမ ဖြစ်သူက တိုက်တွန်းလိုက်ပါတယ်။
တစ်နိုင်ငံလုံးက သောင်းပေါင်းများစွာသော လူတွေဟာ ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းမှုကို သောကြာနေ့မှာလည်း ဆက်လက် ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။
ရန်ကုန်မြို့မှာ လူတွေက မမြသွဲ့သွဲ့ခိုင်ရဲ့ ဓာတ်ပုံရှေ့မှာ ပန်းတွေချပြီး ဆုတောင်း ခဲ့ကြပါတယ်။ မြန်မာတစ်နိုင်ငံလုံး ဝမ်းနည်း နေကြတယ်လို့ အမျိုးသားတစ်ဦးက ဆိုပါတယ်။ ပြည်သူတွေဟာ ဒီမိုကရေစီနဲ့ မမြသွဲ့သွဲ့ခိုင်အတွက် ဆက်ပြီး တိုက်ပွဲဝင်ရမယ်လို့ သူက ပြောပါတယ်။