ဂျပန်အတွက် ဒုတိယအကြိမ် တင်ပို့ပေးလိုက်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို တနင်္ဂနွေနေ့မှာ ရမယ် လို့ ဝန်ကြီး Kono ပြော

ဂျပန်နိုင်ငံအတွက် ဒုတိယအကြိမ် တင်ပို့ပေးလိုက်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို တနင်္ဂနွေနေ့မှာ ရမယ်လို့ ဂျပန် လုပ်ထုံးလုပ်နည်း ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဝန်ကြီး Kono Taro က ပြောပါတယ်။

ဒီကာကွယ်ဆေးကို အမေရိကန်နိုင်ငံ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Pfizer နဲ့ ဂျာမဏီနိုင်ငံက မိတ်ဖက်ကုမ္ပဏီ BioNTech တို့က ထုတ်လုပ်တာဖြစ်ပြီး ဥရောပသမဂ္ဂကနေ ရောက်လာမှာ ဖြစ်ပါတယ်။
အကြိမ်ပေါင်း ၁.၁၇ သန်းစာ အထိ ရှိလာနိုင်မယ့် ကာကွယ်ဆေးတွေကို ဂျပန်နိုင်ငံခရိုင်တွေက ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေအတွက် မတ်လ ၁ ရက်နေ့ကစပြီး ၂ ပတ်အတွင်း ဖြန့်ချိပေးသွားမယ်လို့ ဂျပန်ရဲ့ကာကွယ်ဆေးထိုးရေးအစီအစဉ်အကြီးအကဲလည်းဖြစ်သူ မစ္စတာ Kono က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဂျပန်အစိုးရက ဆေးဘက်ဆိုင်ရာဝန်ထမ်း ၄.၇ သန်းကို ကာကွယ်ဆေးထိုးပေးရန် စီစဉ်ထားပါတယ်။
ခရိုင် အသီးသီးက ဆေးဘက်ဆိုင်ရာဝန်ထမ်း အရေအတွက်ကိုလိုက်ပြီး ကာကွယ်ဆေးကို ခွဲဝေ ပေးသွားမှာ ဖြစ်ပါတယ်။
ကြိုတင်စီစဉ်ထားတဲ့အတိုင်း ကာကွယ်ဆေးရောက်လာဖို့ မျှော်လင့်ပြီး စီစဉ်ထားတဲ့ အရေအတွက်အတိုင်း ဖြန့်ချိပေးသွားဖို့ သူ ရည်ရွယ်တယ်လို့ မစ္စတာ Kono က ပြောခဲ့ပါတယ်။