တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၃၂၇ ဦး ရှိကြောင်း အတည်ပြု

ဂျပန်နိုင်ငံရဲ့မြို့တော် တိုကျိုမှာ စနေနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် အရေအတွက် ၃၂၇ ဦး ရှိတယ်လို့ တိုကျိုမြို့အုပ်ချုပ်ရေးအရာရှိတွေက အတည်ပြုခဲ့ပါတယ်။

တစ်နေ့တာ ကူးစက်ခံရသူ အရေအတွက် ၅၀၀ ဦး အောက်ရှိခဲ့တာ ၁၄ ရက် ဆက်တိုက် ဖြစ်ပါတယ်။
တိုကျိုမှာ ကူးစက်ခံရတယ်လို့ စမ်းသပ်တွေ့ရှိခဲ့သူ အရေအတွက် စုစုပေါင်း ၁၀၉,၄၆၂ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
ရောဂါအခြေအနေ ဆိုးဆိုးဝါးဝါး အနေအထားရှိသူ လူနာအရေအတွက်က သောကြာနေ့ကထက် ၂ ဦး လျှော့နည်းကာ ၈၂ ဦး ရှိတယ်လို့ အရာရှိတွေက ဆိုပါတယ်။