မြန်မာနိုင်ငံက သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ လူငယ် အမျိုးသမီး ဆန္ဒပြသူ သေဆုံး

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး ဆေးရုံမှာ အသက်ကယ်စက်တပ်ထားခဲ့ရတဲ့ အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူ အမျိုးသမီးငယ် သေဆုံးသွားခဲ့ပါတယ်။

သူဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းမှုနောက်ပိုင်းမှာ ပထမဦးဆုံး သတ်ဖြတ်ခံရသူ ဖြစ်လာပါတယ်။
အသက် ၂၀ အရွယ် ဒီ အမျိုးသမီးငယ်ဟာ နေပြည်တော်မှာ ဖေဖော်ဝါရီလ ၉ ရက်နေ့က ဆန္ဒပြပွဲအတွင်း ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ သတိလစ် မေ့မြောနေပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်နေခဲ့ပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာ အဲဒီ အမျိုးသမီးငယ် သေဆုံးသွားကြောင်း ဆေးရုံ အရာရှိတွေက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။