သောကြာနေ့က တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၃၅၃ ဦး အတည်ပြု

သောကြာနေ့က တိုကျိုမြို့မှာ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ် ကူးစက်ခံရသူအသစ် ၃၅၃ ဦး အတည်ပြုခဲ့တယ်လို့ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့ အရာရှိတွေက ပြောပါတယ်။

တစ်နေ့တာ ကူးစက်မှု ပမာဏက ၁၃ ရက်ဆက်တိုက် ငါးရာအောက်မှာ ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ သီတင်းပတ်နဲ့ ယှဉ်ရင် အရေအတွက် တိုးလာတာ ၂ ရက် ဆက်တိုက်ရှိပြီ ဖြစ်ပါတယ်။
အခုအချိန်အထိ တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိခဲ့သူ စုစုပေါင်း ၁၀၉,၁၃၅ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
ရောဂါပြင်းထန်သူ အရေအတွက်ဟာ ကြာသပတေးနေ့နဲ့ အလားတူ ၈၄ ဦး ရှိတယ်လို့ အရာရှိတွေက ဆိုပါတယ်။