ကာကွယ်ဆေး လုံလုံလောက်လောက် ရရှိဖို့ ဂျပန် ကျန်းမာရေးဝန်ကြီး ကတိပေး

ကာကွယ်ဆေး ဦးစားပေး ထိုးရမယ့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်း အရေအတွက်ဟာ ခန့်မှန်းထားတာထက် ပိုပြီးများနေတဲ့ကြားမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေ ရရှိနိုင်ဖို့ အလျင်အမြန် ကြိုးပမ်းမှုတွေကို အစိုးရက လုပ်ဆောင်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောလိုက်ပါတယ်။

သောကြာနေ့မှာ ကျန်းမာရေးဝန်ကြီး Tamura Norihisa က သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဂျပန် အစိုးရဟာ ဗုဒ္ဓဟူးနေ့မှာ ကျန်းမာရေးဝန်ထမ်း ၄ သောင်း လောက်နဲ့ ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်ကို စတင်ခဲ့ပါတယ်။
ကျန်ရှိနေသေးတဲ့ ခန့်မှန်းခြေ ၃.၇ သန်းလောက် ရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ကာကွယ်ဆေးထိုးဖို့ ပြင်ဆင်မှုတွေကို ကျန်းမာရေးဝန်ကြီးဌာန လုပ်ဆောင်နေပါတယ်။
ဒါပေမဲ့ အဲဒီဝန်ကြီးဌာနရဲ့ လတ်တလော စစ်တမ်းတွေအရ ကျန်းမာရေးဝန်ထမ်း အရေအတွက်ဟာ ခန့်မှန်ခြေထက် ၁ သန်းလောက် ပိုများနေတာကို တွေ့ရပါတယ်။
ပြည်သူတွေ စိတ်အေးလက်အေးရှိစေဖို့ အထောက်အကူဖြစ်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းတွေက ကာကွယ်ဆေးထိုးဖို့ လိုလိုလားလား ရှိကြမယ်လို့ မျှော်လင့်ကြောင်း မစ္စတာ Tamura က ပြောပါတယ်။