တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအသစ် ၄၄၅ ဦးရှိ

တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် ၄၄၅ ဦးရှိတယ်လို့ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့ အရာရှိတွေက အတည်ပြုခဲ့ပါတယ်။

တစ်နေ့တာ ကူးစက်မှုအရေအတွက် ၁၂ ရက်ဆက်တိုက် ၅၀၀ အောက်မှာ ရှိနေတာ ဖြစ်ပါတယ်။

ကပ်ရောဂါ စဖြစ်ချိန်ကတည်းက အခုအထိ တိုကျိုမြို့မှာ ရောဂါပိုး စစ်ဆေးတွေ့ရှိသူ စုစုပေါင်း ၁၀၈,၇၈၂ ဦး ရှိပြီ ဖြစ်ပါတယ်။
ရောဂါပြင်းထန်သူ အရေအတွက်ဟာ ဗုဒ္ဓဟူးနေ့ကထက် ၃ ဦး လျော့ပြီး ၈၄ ဦး ရှိတယ်လို့ အရာရှိတွေက ဆိုပါတယ်။