နာမည်ကျော် ဂျပန်အမျိုးသမီး တင်းနစ်အားကစားသမား Australian Open ဗိုလ်လုပွဲ တက်

ဂျပန်တင်းနစ်အကျော်အမော် Osaka Naomi ဟာ Australian Open ပြိုင်ပွဲရဲ့ အမျိုးသမီးတစ်ဦးချင်းပွဲစဉ်မှာ Serena Williams ကို ၂ ပွဲဆက်တိုက် အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။

လက်ရှိမှာ မီးစ် Osaka ဟာ ကမ္ဘာ့ နံပါတ် ၃ နေရာ ရရှိထားပြီး ကြာသပတေးနေ့က Melbourne မှာ ကျင်းပတဲ့ အကြိုဗိုလ်လုပွဲမှာ မီးစ် Williams နဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။
မီးစ် Osaka ဟာ စနေ့နေ့ မှာ ပြုလုပ်မယ့် Australian Open ဗိုလ်လုပွဲကို ဒုတိယ အကြိမ် ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ သူဟာ ၂၀၁၉ ခုနှစ်က အဲဒီပွဲမှာ ဗိုလ်စွဲခဲ့သူ ဖြစ်ပါတယ်။