ငလျင်လှုပ်ချိန်မှာ လုပ်ဆောင်စရာများ (၃)

နောက်ထပ် ရက်အတော်ကြာ အင်အားပြင်း ငလျင် လှုပ်ခတ်နိုင်ဖွယ်ရှိတဲ့အတွက်ကြောင့် ပြည်သူတွေ သတိထားကြဖို့ ဂျပန်အစိုးရ ကျွမ်းကျင်သူတွေရဲ့ ကော်မတီက သတိပေးနေပါတယ်။

ဂျပန် အရှေ့မြောက်ပိုင်း ဖူကုရှီမနဲ့ မီယာဂီ ခရိုင်တွေမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မဂ္ဂနီကျုဒ် ၇.၃ ရှိတဲ့ ငလျင်လှုပ်ခဲ့ပြီးနောက်ပိုင်း အဲဒီလို သတိပေးခဲ့တာဖြစ်ပါတယ်။ အဲဒီငလျင်ဟာ သုံညကနေ ၇ အဆင့်ထိရှိတဲ့ ဂျပန်ငလျင်တိုင်းတာရေး စနစ်အရ ၆ အပြင်းစား ရှိခဲ့ပါတယ်။
ငလျင်လှုပ်ပြီးတဲ့နောက်မှာ ဘာတွေကို သတိထားသင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး တင်ဆက်ပါမယ်။
၁) ငလျင်ဒဏ်ခံနိုင်စွမ်း နည်းတဲ့ အဆောက်အအုံတွေဟာ ပြိုကျနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ စိုးရိမ်ရတဲ့ အနေအထား ရှိတယ်ဆိုရင် တိမ်းရှောင်ရေးစခန်းတွေကို သွားပါ။
၂) ချောက်ကမ်းပါးနဲ့ တောင်စောင်းနေရာတွေမှာ မြေပြိုမှုတွေ ဖြစ်နိုင်ပါတယ်။ စိုးရိမ်ရတဲ့ အနေအထား ရှိတယ်ဆိုရင် တိမ်းရှောင်ရေးစခန်းတွေကို သွားပါ။တိမ်းရှောင်ရေးစခန်းတွေကို မသွားနိုင်ရင် အဆောက်အအုံရဲ့ ဒုတိယအထပ်နဲ့ အဲဒီထက် မြင့်တဲ့ နေရာတွေ ဒါမှမဟုတ် ချောက်ကမ်းပါး၊ တောင်စောင်းနေရာတွေနဲ့ ဝေးတဲ့ အခန်းတွေကို ပြောင်းပြီး နေပါ။
၃) ဖို့မြေနဲ့ မြစ်ကမ်းအနီးက ဧရိယာတွေမှာ မြေလွှာတွေ အရည်ပျော်မှု ဖြစ်လာနိုင်တဲ့အတွက် မြေမျက်နှာပြင် သိပ်သည်းဆ လျော့နည်းတာနဲ့ ကွဲအက်တာတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် တိမ်းရှောင်ရေးစခန်းတွေကို သွားရာမှာ သတိထားသင့်ပါတယ်။
၄) လျှပ်စစ်မီး ပြတ်သွားတဲ့အခါမှာ ဖယောင်းတိုင် သုံးရနိုင်ခြေရှိပေမယ့် မလိုအပ်တဲ့အခါမှာတော့ ဖယောင်းတိုင်ကို မီးငြှိမ်းဖို့ မမေ့ပါနဲ့။ လျှပ်စစ်မီး ပြန်လည်ရရှိလာပြီးနောက် ဝါယာကြိုးအပြတ်တွေကနေ မီးလောင်မှု ဖြစ်လာနိုင်တဲ့အတွက် အဲဒီလို မဖြစ်ရအောင် တိမ်းရှောင်ရေးစခန်း မသွားမီ အိမ်မှာ ရှိတဲ့ လျှပ်စစ်ဖြတ်တောက်တဲ့ မိန်းခလုတ်ကို ပိတ်ပြီးမှ သွားပါ။