တိုကျိုအိုလံပစ် ကျင်းပရေးကော်မတီ ဥက္ကဋ္ဌရာထူးအတွက် တိုကျို အိုလံပစ်အားကစားပွဲ ဆိုင်ရာ ဝန်ကြီး Hashimoto Seiko ကို လျာထား

တိုကျို အိုလံပစ်နဲ့ ပါရာလင်းပစ် အားကစားပွဲ ကျင်းပရေး ကော်မတီရဲ့ အကြံပေးဖွဲ့က ဥက္ကဋ္ဌသစ် အလောင်းအလျာကို ရွေးချယ်လိုက်ပါတယ်။

မစ္စတာ Mori Yoshiro ရဲ့ ရာထူးကို ဆက်ခံပေးဖို့ အသက် ၅၆နှစ်အရွယ် တိုကျို အိုလံပစ်အားကစားပွဲ ဆိုင်ရာ ဝန်ကြီး Hashimoto Seiko ကို တောင်းဆိုဖွယ်ရှိတယ်လို့ အဲဒီ အဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်တွေက ဆိုပါတယ်။ မီးစ် Hashimoto ဟာ အိုလံပစ် ပြိုင်ပွဲ ၇ကြိမ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။