တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် ၃၇၈ ဦး အတည်ပြု

ဗုဒ္ဓဟူးနေ့က တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၃၇၈ ဦး အတည်ပြုခဲ့တယ်လို့ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့ အရာရှိတွေက ပြောပါတယ်။

တစ်နေ့တာ ကူးစက်မှု အရေအတွက်ဟာ ၁၁ ရက်ဆက်တိုက် ငါးရာအောက်မှာ ရှိနေတာ ဖြစ်ပါတယ်။
အခုအချိန်အထိ တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိခဲ့သူ စုစုပေါင်း ၁၀၈,၃၃၇ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
ရောဂါပြင်းထန်သူ ၈၇ ဦး ရှိပြီး ဒါဟာ အင်္ဂါနေ့ကထက် ၅ ဦး ကျဆင်းခဲ့တာ ဖြစ်တယ်လို့ အရာရှိတွေက ဆိုပါတယ်။