ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးရေးဆိုင်ရာ ကူပွန်လက်မှတ်

ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးတဲ့အခါ သုံးတဲ့ ကူပွန်လက်မှတ်တွေကို အရင်ဆုံး သက်ကြီးရွယ်အိုတွေကို ထုတ်ပေးသွားဖို့ ရှိတယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

မတ်လလယ်က စပြီး မြို့ရွာအုပ်ချုပ်ရေးအဖွဲ့တွေဟာ အဲဒီ ကူပွန်လက်မှတ်တွေကို သက်ကြီးရွယ်အိုတွေဆီ စပြီး ပို့ပေးဖို့ စီစဉ်နေပါတယ်။ အဲဒီ ကူပွန်မှာ တစ်ဦးချင်းရဲ့ နာမည်နဲ့ နံပါတ်တွေကို ရိုက်နှိပ်ထားမှာ ဖြစ်ပါတယ်။ ကူပွန်ကို ပြခြင်းအားဖြင့် အခမဲ့ ကာကွယ်ဆေး ထိုးနိုင်မှာ ဖြစ်ပါတယ်။ ယေဘုယျ သတ်မှတ်ချက်အနေနဲ့ နေထိုင်သူအဖြစ်နဲ့ ကိုယ်မှတ်ပုံတင်ထားတဲ့ မြို့ရွာမှာ ကာကွယ်ဆေး ထိုးနိုင်မှာ ဖြစ်ပေမဲ့ ချွင်းချက်တချို့ကို ခွင့်ပြုထားပါတယ်။
ဂျပန်မှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေဟာ သူတို့ နေထိုင်သူအဖြစ် မှတ်ပုံတင်ထားတဲ့ မြို့ရွာတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ နာမည်စာရင်း အတည်ပြုပြီးတာနဲ့ အစိုးရဟာ အခမဲ့ ကာကွယ်ဆေးထိုးမှုကို ဘယ်လို ရယူနိုင်မလဲဆိုတဲ့ လမ်းညွှန်ချက်တွေကို စာတိုက်ကနေ ပို့ပေးမှာ ဖြစ်ပါတယ်။