Australian Open ပြိုင်ပွဲမှာ ဂျပန် အမျိုးသမီး တင်းနစ် အကျော်အမော် အကြိုဗိုလ်လုပွဲ တက်

ဂျပန် အမျိုးသမီးတင်းနစ်အကျော်အမော် Osaka Naomi ဟာ ၂နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် Australian Open ပြိုင်ပွဲ အမျိုးသမီး တစ်ဦးချင်းပွဲစဉ်မှာ အကြိုဗိုလ်လုပွဲကို တက်သွားပြီ ဖြစ်ပါတယ်။

မီးစ် Osaka ဟာ ၂၀၁၉ ခုနှစ်က ဒီပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီး လတ်တလောမှာ ကမ္ဘာ့အဆင့် တတိယ နေရာမှာရှိနေပါတယ်။ သူဟာ အင်္ဂါနေ့ကပွဲမှာ ကမ္ဘာ့အဆင့် ၇၁ နေရာမှာရှိတဲ့ ထိုင်ဝမ် အားကစားသမား Hsieh Su-wei ကို ၂ ချီ ဆက်တိုက် နိုင်ပြီး အနိုင်ရခဲ့ပါတယ်။