၂၀၅၀ ပြည့်နှစ်မှာ CO2 ကင်းစင်ဖို့ ဂျပန် သံမဏိထုတ်လုပ်ရေး အဖွဲ့အစည်း ရည်မှန်း

ဂျပန် သံမဏိထုတ်လုပ်ရေးလုပ်ငန်းနယ်ပယ်က သူတို့ ကနဦး ရည်မှန်းထားတဲ့ ၂၁၀၀ ပြည့်နှစ် ဆိုတာထက် ပိုစောတဲ့ ၂၀၅၀ ပြည့်နှစ်မှာကာဗွန် ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကို လက်တွေ့အားဖြင့် အပြည့်အဝ အဖွယ်ရှားနိုင်ဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။

ဂျပန် သံနဲ့သံမဏိ လုပ်ငန်းအဖွဲ့အစည်းက သူတို့ရဲ့အဖွဲ့ဝင်ကုမ္ပဏီတွေဟာ ကျောက်မီးသွေးအစား ဟိုက်ဒရိုဂျင်ကို အသုံးပြုတဲ့ နည်းပညာကို တိုးမြှင့် သုတေသနပြုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
သီအိုရီအရ အဲဒီနည်းပညာဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကို ဖယ်ရှားပစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီနယ်ပယ်ဟာ အစပျိုးတဲ့အဆင့်ပဲ ရှိနေသေးတာကြောင့် ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနိုင်ပါတယ်။
ဒါ့အပြင် ကုန်ပစ္စည်းထုတ်လုပ်စဉ်အတွင်း ထွက်ရှိလာတဲ့ ဓာတ်ငွေ့တွေကို စုဆောင်းတဲ့ နည်းပညာ တီထွင်ဖို့လည်း အဲဒီလုပ်ငန်းနယ်ပယ်က စီစဉ်ထားပါတယ်။ ဓာတ်ငွေ့တွေကို လေထုထဲကို ထုတ်လွှတ်မယ့်အစား မြေအောက်မှာ ထိန်းထားမှာ ဖြစ်ပါတယ်။
သံမဏိလုပ်ငန်း အရာရှိတွေက လက်တွေ့အားဖြင့် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုမရှိတဲ့ လူ့အဖွဲ့အစည်းဆိုတဲ့ ရည်မှန်းချက်ကို အောင်မြင်အောင် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။