အင်္ဂါနေ့က တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၃၅၀ အတည်ပြု

အင်္ဂါနေ့က တိုကျိုမြို့မှာ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ် ကူးစက်ခံရသူအသစ် ၃၅၀ အတည်ပြုခဲ့တယ်လို့ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့ အရာရှိတွေက ပြောပါတယ်။

တစ်နေ့တာ ကူးစက်မှု ပမာဏက ၁၀ ရက်ဆက်တိုက် ငါးရာအောက်မှာ ရှိနေတာ ဖြစ်ပါတယ်။
ဒီကပ်ရောဂါ စတင်ခဲ့ကတည်းက အခုအချိန်အထိ တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိခဲ့သူ စုစုပေါင်း ၁၀၇,၉၅၉ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
ရောဂါပြင်းထန်သူ ၉၂ ဦး ရှိတယ်လို့ အရာရှိတွေက ဆိုပါတယ်။