တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအသစ် ၂၆၆ဦး အတည်ပြု

တနင်္လာနေ့က မြို့တော်တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ် ၂၆၆ ဦး ရှိတယ်လို့ အရာရှိတွေက အတည်ပြုခဲ့ပါတယ်။

တစ်နေ့တာ ကူးစက်ခံရသူ ၅၀၀ အောက် ရှိခဲ့တာ အခုဆိုရင် ၉ ရက် ဆက်တိုက်ရှိပြီ ဖြစ်ပါတယ်။
ကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက်ပိုင်း တိုကျိုမှာ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတယ်လို့ စစ်ဆေးတွေ့ရှိထားသူ အရေအတွက် စုစုပေါင်း ၁၀၆,၇၇၁ ဦး ရှိပြီ ဖြစ်ပါတယ်။