ဂျပန်မှာ ကာကွယ်ဆေးထိုးနှံရေး သတင်းအချက်အလက် ခရိုင် အုပ်ချုပ်ရေးမှူးတွေ မျှဝေမယ်

ဂျပန်နိုင်ငံမှာ ဒေသတစ်ခုချင်းစီအတွက် ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်တွေ လုပ်ဆောင်ရာမှာ အထောက်အပံ့ဖြစ်စေဖို့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးတာတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်မျှဝေရေးကို နိုင်ငံလုံးဆိုင်ရာ အုပ်ချုပ်ရေးမှူးများအဖွဲ့ရဲ့ လုပ်ငန်းအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။

ဗဟိုနဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေက အရာရှိတွေဟာ တနင်္လာနေ့မှာ အွန်လိုင်းကနေ ပြုလုပ်တဲ့ပထမဆုံးအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေးကို တက်ရောက်ခဲ့ကြပါတယ်။
ဗုဒ္ဓဟူးနေ့ကျရင် ဂျပန်နိုင်ငံမှာ ကာကွယ်ဆေးထိုးနှံတာတွေကို စတင်တော့မှာဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းတွေကို အရင်ဆုံး ထိုးပေးသွားမှာ ဖြစ်ပါတယ်။
မြို့နယ်တစ်ခုချင်းစီဟာ ကိုယ့်မြို့ရဲ့ လူဦးရေနဲ့ တခြား အချက်အလက်တွေအပေါ် အခြေခံပြီး ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်ကို ဖော်ဆောင်ဖို့ လိုအပ်တယ်လို့ လုပ်ငန်းအဖွဲ့ အကြီးအကဲ Tottori ခရိုင်အုပ်ချုပ်ရေးမှူး Hirai Shinji က ပြောပါတယ်။
ဗဟိုအစိုးရဆီက ကာကွယ်ဆေး ဘယ်လောက်ရနိုင်မလဲဆိုတဲ့ လုံလောက်တဲ့ သတင်းအချက်အလက် မရသေးတဲ့အတွက် ကာကွယ်ဆေးထိုးဖို့ အစီအစဉ်တွေကို မသတ်မှတ်နိုင်သေးဘူး လို့ အစည်းအဝေးတက်ရောက်သူတချို့က ပြောပါတယ်။
ကာကွယ်ဆေးထိုးတာကို အောင်အောင်မြင်မြင်လုပ်နိုင်ဖို့နဲ့ ရှိလာမယ့်စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ရေးအတွက် သတင်းအချက်အလက်တွေ ဖလှယ်နိုင်ဖို့ ခရိုင်အုပ်ချုပ်ရေး အဖွဲ့တွေကို စစ်တမ်းကောက်ယူစေမယ်လို့ အဲဒီလုပ်ငန်းအဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။