ငလျင်လှုပ်ချိန်မှာ လုပ်ဆောင်စရာများ (၁)

လာမယ့် ၇ ရက်အတွင်း နောက်ထပ်အားပြင်းငလျင်တွေနဲ့ ပတ်သက်ပြီး သတိရှိရှိနေကြဖို့ ဂျပန်အစိုးရအတွက် လုပ်ကိုင်ဆောင်ရွက်ပေးနေတဲ့ သိပ္ပံပညာရှင်တွေက တောင်းဆိုတိုက်တွန်းနေပါတယ်။

တိမ်းရှောင်ရေးစခန်းတွေမှာ ကူးစက်ရောဂါတွေဖြစ်လာနိုင်ခြေ ကို ပြည်သူတွေအနေနဲ့ သတိပြုသင့်တယ်လို့ ကျွမ်းကျင်ပညာရှင် တွေက ပြောဆိုပါတယ်။ သူတို့တတွေက လူတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကိုပဲ စိုးရိမ်မနေသင့်ဘူးဆိုတာနဲ့ အစားအဆိပ်သင့်တာမျိုးကိုလည်း စိုးရိမ်သင့်တယ်လို့ ပြောပါတယ်။
Tohoku ဆေးဘက်ဆိုင်ရာနဲ့ ဆေးဝါးဆိုင်ရာ တက္ကသိုလ်က ပါမောက္ခ Kaku Mitsuo ဟာ ၂၀၁၁ ခုနှစ် ငလျင်နဲ့ ဆူနာမိ ဘေးကြီးဖြစ်ပွားခဲ့ပြီးတဲ့နောက် အစာအဆိပ်သင့်တာနဲ့ ကူးစက်ရောဂါတွေနဲ့ ပတ်သက်ပြီး လမ်းညွှန်ချက်တွေကို ပြုစု ခဲ့ပါတယ်။
ပါမောက္ခ Kaku က အဲဒီလမ်းညွှန်ချက်တွေကို ကိုရိုနာဗိုင်းရပ်စ် ကိစ္စအတွက်လည်း အသုံးပြုနိုင်တယ်လို့ ပြောပါတယ်။ တိမ်းရှောင်ခိုလှုံသူတွေအနေနဲ့ အသက်ရှုလမ်းကြောင်းက ထုတ်တဲ့ အရည်အစက်လေးတွေပျံ့နှံ့တာကို ကာကွယ်ဖို့ mask နှာခေါင်းစည်းတွေကို တပ်သင့်တယ်လို့လည်း ပြောပါတယ်။
သူတို့တတွေမှာ အဖျားရှိတယ်၊ အော့အံ့ချင်သလိုဖြစ်တယ်၊ လည်ချောင်းနာတာ ဒါမှမဟုတ် အအေးမိသလိုဖြစ်တာမျိုးဆိုရင် ကျန်းမာရေးဝန်ထမ်းတွေ ဒါမှမဟုတ် တိမ်းရှောင်ရေးစခန်းက တာဝန်ရှိသူတွေနဲ့ တိုင်ပင်တာတွေကို မဆိုင်းမတွလုပ်ဆောင်သင့် ပါတယ်။
တိမ်းရှောင်ရေးစခန်းတွေမှာဆိုရင် လူတွေအနေနဲ့ ပူနွေးတဲ့အစားအစာတွေကို အမြဲစားသင့်တယ်၊ ရေသောက်တဲ့အခါ သန့်ရှင်းတဲ့ခွက်တွေကိုသုံးတာ၊ အစားအစာ မစားခင်မှာ လက်ဆေးတာနဲ့ လက်တွေကို ပိုးသတ်သန့်စင် တွေကို အမြဲလုပ်သင့်ပါတယ်။ ကလေးအနှီးတွေလဲလှယ်တာကိုလည်း သတ်မှတ်ထားတဲ့နေရာ မှာပဲ လုပ်ဆောင်ဖို့လိုအပ်ပါတယ်။