တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၃၇၁ ဦး အတည်ပြု

တနင်္ဂနွေနေ့က တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် ၃၇၁ ဦး အတည်ပြုခဲ့တယ်လို့ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

တစ်နေ့တာ ကူးစက်ခံရသူ ၅၀၀ အောက် ရှိခဲ့တာ အခုဆိုရင် ၈ ရက် ဆက်တိုက် ရှိပြီ ဖြစ်ပါတယ်။
ကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက်ပိုင်း တိုကျိုမှာ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတယ်လို့ စမ်းသပ်တွေ့ရှိထားသူ အရေအတွက် စုစုပေါင်း ၁၀၆,၅၀၅ ဦး ရှိပြီ ဖြစ်ပါတယ်။
တိုကျိုမှာ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသူတွေထဲက ၁၀၃ ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပြီး ဒါဟာ ပြီးခဲ့တဲ့ရက်ကထက် တစ်ဦးလျော့နည်းလာတာ ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။