မြေငလျင် သတင်းအချက်အလက်တွေကို ဘာသာစကား ၁၄ မျိုးနဲ့ ထုတ်ပြန်

လတ်တလော လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ဆိုင်ရာ သတင်းအချက်အလက် တွေကိုထုတ်ပြန်ပြီး ဂျပန်မိုးလေဝသအေဂျင်စီ က ဘာသာစကား ၁၄ မျိုးနဲ့ ဝန်ဆောင်မှု ပေးနေပါတယ်။

အဲဒီလို ဝန်ဆောင်မှု ပေးနေတဲ့ ဘာသာစကားတွေကတော့ အင်္ဂလိပ်၊ တရုတ်(အတိုကောက်) ၊ တရုတ်(အရှည်ကောက်) ၊ ကိုရီးယား၊ ပေါ်တူဂီ၊ စပိန်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်း၊ တာဂါလော့ (ဖိလစ်ပိုင်)၊ နီပေါ၊ ခမာ၊ မြန်မာ နဲ့ မွန်ဂို ဘာသာတွေဖြစ်ပါတယ်။
URL ကတော့ https://www.jma.go.jp/jma/kokusai/multi.html ဖြစ်ပါတယ်။