G7 ဘဏ္ဍာရေး အကြီးအကဲတွေ ကပ်ရောဂါနဲ့ ပတ်သက်ပြီး ဆွေးနွေး

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ရောဂါရဲ့ စီးပွားရေးအပေါ် ဂယက်ရိုက်မှုကို ဘယ်လို ကိုင်တွယ်ကြမလဲဆိုတာကို G7 နိုင်ငံတွေက ဘဏ္ဍာရေး ဝန်ကြီးတွေနဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌတွေ ဆွေးနွေးခဲ့ကြပါတယ်။

ဒီနှစ်ရဲ့ G7 အစည်းအဝေးတွေကို ဗြိတိန်က လက်ခံ ကျင်းပနေပါတယ်။
ဒါဟာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen ပြီးခဲ့တဲ့လက စတင်တာဝန်ယူခဲ့ပြီးတဲ့နောက် ပထမဆုံးအကြိမ် တယ်လီဖုန်းနဲ့ ဆက်သွယ်ပြုလုပ်တဲ့ ညီလာခံ ဖြစ်ပါတယ်။
ဂျပန်ဘဏ္ဍာရေးဝန်ကြီး Aso Taro က သတင်းထောက်တွေကို ပြောကြားရာမှာ ၀င်ငွေနည်းပါးတဲ့ နိုင်ငံတွေအတွက် ကြွေးမြီ လျော့ချရေးအစီအစဉ်ဟာ ဒီဆွေးနွေးပွဲရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ နောက်ပိုင်း ဖွဲ့စည်း တည်ဆောက်ပုံဆိုင်ရာ ပြောင်းလဲမှုတွေ၊ ကျဆင်းနေတဲ့ မွေးဖွားနှုန်းနဲ့ သက်ကြီးရွယ်အို လူဦးရေပမာဏတွေကို ကိုင်တွယ်မှု စတဲ့ နိုင်ငံရဲ့ ပြည်တွင်း ဦးစားပေး အစီအစဉ်တွေကို မစ္စတာ Aso က ရှင်းပြခဲ့ပါတယ်။
ကူးစက်ကပ်ရောဂါအပြင် ကမ္ဘာ့အဆင့်မြင့် နည်းပညာ ကုမ္ပဏီတွေအတွက် နိုင်ငံတကာ အခွန်စည်းမျဉ်းအသစ်တွေကို ဘဏ္ဍာရေးခေါင်းဆောင်တွေက ဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန်နဲ့ ဥရောပနိုင်ငံတွေ အနေနဲ့ စောစောစီးစီး သဘောတူညီမှု ရရှိနိုင်တယ်လို့ ယုံကြည်ကြောင်း သူက ပြောကြားခဲ့ပါတယ်။