မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခြေအနေအပေါ် ကုလသမဂ္ဂ ရဲ့ လူ့အခွင့်အရေးဆိုင်ရာကောင်စီမှာ အမြင် ကွဲလွဲမှုရှိခဲ့

ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း အခြေအနေတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ရဲ့ လူ့အခွင့်အရေးဆိုင်ရာကောင်စီမှာ ဆုံးဖြတ်ချက်တစ်ခုကို သဘောတူ လက်ခံခဲ့ကြပါတယ်။

အဲဒီဆုံးဖြတ်ချက်မှာ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားခံရသူတွေကို ချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
သောကြာနေ့က Geneva မှာ ကျင်းပတဲ့ အထူးအစည်းအဝေးမှာ အများသဘောနဲ့ ဒီဆုံးဖြတ်ချက်ကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
တရုတ်၊ ရုရှားနဲ့ တချို့နိုင်ငံတွေက ရှောင်ဖယ်နေခဲ့ပါတယ်။ အဲဒီနိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေက ဒီဆုံးဖြတ်ချက်မှာ “မပတ်သက်ဘူး” လို့ ဆိုခဲ့ပါတယ်။
ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်က ဒီဆုံးဖြတ်ချက်ကို လက်မခံနိုင်ဘူးလို့ ပြောခဲ့ပါတယ်။
ကုလသမဂ္ဂ ရဲ့ အထူးကိုယ်စားလှယ် Thomas Andrews က အစိုးရအရာရှိတွေ နဲ့ လူ့အခွင့်ရေးလှုပ်ရှားသူ ခေါင်းဆောင်တွေကို အာဏာသုံး ဖမ်းဆီးတာတွေကို ထုတ်ဖော်ပြသပြီး အပြစ်တင်ရှုတ်ချခဲ့ပါတယ်။
ဆန္ဒပြသူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေက ကျည်ဆံအစစ်သုံးခဲ့တဲ့“သတင်းနဲ့ဓာတ်ပုံအထောက်အထားတွေ များလာနေတယ်” လို့လည်း ရည်ညွှန်းပြောဆိုခဲ့ပါတယ်။
ဆုံးဖြတ်ချက်ထဲမှာ အကြမ်းဖက်မှုကို ရှောင်ရှားဖို့၊ လူ့အခွင့်အရေး၊အခြေခံလွတ်လပ်ခွင့်နဲ့တရားဥပဒေစိုးမိုးရေးကို အပြည့်အဝ လိုက်နာဖို့ လိုအပ်ကြောင်း အလေးပေး ဖော်ပြထားပါတယ်။